閉じる

お知らせ
NEWS

ミャンマー政府から送り出し機関への通達(翻訳あり)
2019.05.29

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန နေပြည်တော် စာအမှတ်၊ ၃/၂၇/အလည(ရွှေ့ပြောင်း)၂၀၁၉(၁၃၃၄၇) ရက် စွဲ၊ ၂၀၁၉ ခုနှစ်၊ မေ လ ၁၅ ရက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဂျပန်နိုင်ငံသို့ စေလွှတ်လျက်ရှိသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအားလုံး အကြောင်းအရာ။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား လက်မှတ်ရေးထိုးထားသော ကျွမ်း ကျင်လုပ်သား နေထိုင်ခွင့်ပုံစံဖြင့် နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာ စနစ်အား စနစ်တကျလည်ပတ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံမူဘောင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MOC) အရ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်အလုပ်သမားများ စေလွှတ်နိုင်ရေးအတွက် လိုက်နာကျင့်သုံးရ မည့် စံနှုန်းများ ပြင်ဆင်နိုင်ရန် အကြောင်းကြားခြင်း ၊ ရည်ညွှန်းချက် ။ ဝန်ကြီးရုံး၏ ၇-၅-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၅၇/အလ/ခွဲ(၂)၂၀၁၉(၆၅၇၃) ၁။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ၂၈-၃-၂၀၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးထား သော ကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ပုံစံဖြင့် နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာစနစ် အား စနစ်တကျလည်ပတ်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ပူးပေါင်းဆောင် ရွက်မှုအတွက် အခြေခံမူဘောင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MOC) အရ ဂျပန်နိုင်ငံ သည် လုပ်ငန်းနယ်ပယ် ၁၄ ခု (ပူးတွဲ-၁) အတွက် မြန်မာနိုင်ငံမှ ကျွမ်းကျင်လုပ်သားများ ခေါ်ယူ မည်ဖြစ်ပါ၍ စေလွှတ်သွားမည် ဖြစ်ပါသည်။ ၂။ အဆိုပါ MoC အရ ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သား စေလွှတ်မည့် အဖွဲ့အစည်းများ အတွက် သတ်မှတ်ထားသည့်စံနှုန်းများအား နှစ်နိုင်ငံညှိနှိုင်းသဘောတူပြီးဖြစ်သဖြင့် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်အလုပ်သမားများ စေလွှတ်ရန် ဆန္ဒရှိသည့် ပြည်ပအကျိုးဆောင်လိုင်စင်ရ အေဂျင်စီ များအနေဖြင့် စေလွှတ်မည့် အဖွဲ့အစည်းများအတွက် သတ်မှတ်ထားသည့် စံနှုန်းများ (ပူးတွဲ-၂) အား သိရှိနိုင်ပါရန်နှင့် ဤစံနှုန်းများနှင့်အညီ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ ကျွမ်းကျင် လုပ်သားစေလွှတ်ခွင့်အား ပူးတွဲ-၃ ပါဇယားဖြင့် (Hard/Soft Copy Excel File ဖြင့်) တင်ပြလျှောက်ထားရန် အကြောင်းကြားပါသည်။ ၃။ ထို့ပြင် နှစ်နိုင်ငံ နောက်ဆုံးအခြေအနေ ဆွေးနွေးမှုအရ ကျွမ်းကျင်လုပ်သားခေါ်ယူမည့် လုပ်ငန်းနယ်ပယ် ၁၄ မျိုးအနက် ပထမဦးစွာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းအတွက် ကျွမ်းကျင် လုပ်သားခေါ်ယူမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ခေါ်ယူရေး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံဘက်မှ လာရောက်စာမေးပွဲစစ်ဆေးရန် လျာထားလျက် ရှိကြောင်း သိရှိရသဖြင့် ဂျပန်နိုင်ငံသို့ ကျွမ်းကျင်အလုပ်သမားစေလွှတ်ရန် ဆန္ဒရှိသည့် အေဂျင်စီများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါရန် အကြောင်းကြားပါသည်။ | ဝင်းရှိန် ညွှန်ကြားရေးမှူးချုပ်

日付 2019年5月15日 宛先

ミャンマー海外労働サービス業者組合 日本に労働者を送り出す全機関

内容 - ミャンマーと日本の間に結んである特定技能ビザで外国人リソース関連をうまくオペレーションすることについてのおぼえがきMoCより、日本へ技能労働者を送る際に守らなければならないスタンダードを準備できるようにおしらせ。

参照 - 大臣事務局の2019年05月07日日付でレッター 57/AhLa/Khwel(2)2019(6573) 28.03.2019 にミャンマーと日本の間にかわしたMoCによりますと、日本は14の業種に技能労働者をうけとります。 そのMoCによれば日本へ技能労働者を送り出す機関に基準などを両国が同意しましたので日本へ技能労働者を送り出したい希望がある海外派遣サービスエージェットらはその組織のために決められた基準及びスタンダードらを(添付2)を知らせるとともにそのスタンダードとおりに労働省に技能労働者送り出し申請書(添付3)の表を(ハード/ソフトコピー エクセルファイルで)申請するようしらせます。 それと両国の最終的な会談により、技能労働者を受け入れる14の業種のうちホテル業の技能労働者を最初に受け入れることになり、ミャンマーでホテル業の試験を2019年10月に試験をする予定がありますので、日本へ技能労働者を送りたいエージェットらは前もって準備をするようしらせします。

“ပူးတွဲ-၂” စေလွှတ်သည့်အဖွဲ့အစည်းများအတွက် အတည်ပြုသတ်မှတ်ထားသည့်စံနှုန်းများ ၁။ စေလွှတ်သည့် အဖွဲ့အစည်းသည် အောက်ပါစံနှုန်းများနှင့်ကိုက်ညီရမည် (က) နိုင်ငံခြားသားကျွမ်းကျင်အလုပ်သမားခေါ်ယူသည့်စနစ်သစ်၏ ရည်ရွယ်ချက်များ ကို ကောင်းစွာသိရှိနားလည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ခ) လုပ်ငန်းခွင်မှသင်ယူရရှိလာသည့် ကျွမ်းကျင်မှုများကို ပြန်လည်အသုံးချပြီး မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်ဆောင်ရွက်လိုသူများသာ ရွေးချယ်စေလွှတ်ရန်၊ (ဂ) နိုင်ငံခြားသားအလုပ်သမားခေါ်ယူသည့်စနစ်သစ်ဖြင့် ခန့်အပ်မည့် ကျွမ်းကျင် လုပ်သား သို့မဟုတ် ကျွမ်းကျင်လုပ်သားအဖြစ် ရွေးချယ်မည့်သူများထံမှ ဂျပန် အလုပ်ရှင်က သတ်မှတ်သည့် ကုန်ကျစရိတ်နှင့် ဝန်ကြီးဌာနက သတ်မှတ်သည့် ဝန်ဆောင်စရိတ်နှုန်းထားအတိုင်းသာ ကောက်ခံရန်၊ (ဃ) ကောက်ခံမည့်ငွေကို သွားရောက်လုပ်ကိုင်မည့် ကျွမ်းကျင်လုပ်သားများအား အသေးစိတ်ရှင်းလင်းပြောကြားရန်၊ (င) ဤစနစ်သစ်ဖြင့် စေလွှတ်မည့်ကျွမ်းကျင်လုပ်သားများ ဥပဒေပါအခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှုရရှိရေး လက်ခံနိုင်ငံ၏ သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် အမျိုးသားအဆင့်ရဲအေဂျင်စီ သို့မဟုတ် နိုင်ငံခြားသားအလုပ်သမား ခေါ်ယူ သည့်စနစ်သစ်ဖြင့် ကျွမ်းကျင်လုပ်သားခန့်အပ်သည့် အဖွဲ့အစည်းများမှ စာရင်း ကောက်ယူရန် အကူအညီတောင်းခံချက်အပါအဝင် လိုအပ်သည်များ ကူညီပေး (စ) စေလွှတ်သည့်အဖွဲ့အစည်းသည် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ အရ လိုင်စင်ယာယီပိတ်သိမ်းခံရပါက အဆိုပါပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုပြီး နောက် အနည်းဆုံးနှစ်နှစ် ကျော်လွန်ပြီးဖြစ်ရန်၊ (ဆ) စနစ်သစ်ဖြင့်စေလွှတ်မည့် ကျွမ်းကျင်လုပ်သားကို ကိုယ်ထိလက်ရောက် ကျူးလွန် ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် လွတ်လပ်ခွင့်ပိတ်ပင်ခြင်းများ စသည့် လူအခွင့်အရေး ချိုးဖောက်မှုများ မပြုလုပ်ရန်၊ (ဇ) စနစ်သစ်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ခွင့်ပြုချက်ရရှိရန် လိမ်လည်ပြီး စာရွက်စာတမ်းအတုပြုလုပ်ခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်း သို့မဟုတ် မှားယွင်းသော အထောက်အထားများ အသုံးပြုခြင်း သို့မဟုတ် ပြုလုပ်ပေးခြင်းကို ဆောင်ရွက်ခြင်းလုံးဝ(လုံးဝ)မပြုလုပ်ရန်၊ (ဈ) စနစ်သစ်ဖြင့်ခန့်အပ်သည့် ကျွမ်းကျင်လုပ်သားများ ထွက်ပြေးခြင်း၊ ပျောက်ဆုံး ခြင်းမှ ကာကွယ်ရန် ဂျပန်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ (ည) စနစ်သစ်ဖြင့် ကျွမ်းကျင်လုပ်သားများ အလုပ်ခန့်အပ်နိုင်ရန် ဂျပန်နိုင်ငံရှိ ကျွမ်းကျင်လုပ်သားခေါ်ယူသည့် အဖွဲ့ အစည်းများနှင့် မြန်ဆန်စွာ ချိတ်ဆက် ဆောင်ရွက်ရန်၊ (ဋ) ဂျပန်အစိုးရ၏ သတ်မှတ်ချက်နှင့်အညီ လာရောက်စစ်ဆေးမည့် Skill Test များတွင် နှစ်နိုင်ငံသတ်မှတ်ချက်များနှင့်အညီ ကျွမ်းကျင်လုပ်သားများ ဝင်ရောက် ဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီရန်၊ (ဌ) ကျွမ်းကျင်လုပ်သားများ စေလွှတ်နိုင်ရန် Skill Test အောင်မြင်ကြောင်း အသိ အမှတ်ပြုလက်မှတ်နှင့် ဂျပန်အခြေခံဘာသာစကား N 4 အောင်မြင်ပြီးကြောင်း အသိအမှတ်ပြုလက်မှတ်တို့ပူးတွဲ၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြရန်၊ (၃) ကျွမ်းကျင်လုပ်သားများ ဂျပန်နိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် အလုပ် ရွှေ့ပြောင်းခြင်းများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန်၊ (၀) ဤဝန်ကြီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်။

添付2 労働者送り出し機関等のスタンダート
送り出し期間は以下のスタンダードにならなければならない。
外国人労働者を受けいれる新システムの目的をよくわかって、それを実現すること。
職場で学んだ技術らを利用しミャンマー経済発展に協力したい方々だけを選んで送り出すこと、
「特定の熟練労働者および/または候補者」から採用費用およびその他の費用は日本企業とミャンマー国が定めているサービス料とおりに受け取ること。
かかる費用を技能労働者として働きに行く方によく説明すること。
特定熟練労働者の在留資格及び特定熟練労働者の保護を伴う外国人人材に関する制度の適切な実施に関し、日本国法務省の求めに応えるため、厚生労働省、外務省、警察庁または特定技能者制度。 (雇用契約締結後にミャンマーに帰国した特定熟練労働者の追跡調査) 送り出し機関は1999年海外労働関連法に基づきライセンスの停止または取り消しがあった場合、その罪から和解されて最低限2年経過していること。
新システムで送り出す技能労働者に暴力をふったり、脅迫したりと本人の自由を妨げるなど人権侵害をとわないこと。
新システムで許可を申請するとき必要とする書類らを偽造したり、修正したりまたは間違った書類らを利用したりもしくはつくってあげたりは厳禁であること。
新システムで採用される技能労働者らが逃げ出したり、失踪したりから守るために日本にある関連組織と協力すること。
新システムで技能労働者等を採用されるために日本にある技能労働者を補修している組織と速やかに連絡すること。
日本政府が定めているルール通りに行われる機能試験らに両国で同意した決め事通りに技能労働者が試験に受けられるように必要なサポートをすること。
技能認定証明書及び日本語能力試験N4試験の証明書を特定の技能労働者を派遣するために労働省に提出すること。
技能労働者が日本でいろいろな理由により転職などをした場合、リアルタイムで報告すること。
本省から定期的に発行される指示に従うこと。

0120-979-868
営業時間 9:00~18:00 土日祝定休